Wednesday, March 3, 2010

expr:id='"post-" + data:post.id'>

လောက၌ အမြတ်ဆုံးတရား နှစ်ပါး

လက်ဆေးရာ၌ လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ပွတ်တိုက်ရေလောင်း ဆေးကြောရာသကဲ့သို့လည်းကောင်း၊ ခြေဆေးရာ၌ ခြေတစ်ဖက်ဖြင် ခြေတစ်ဖက်ကို ပွတ်တိုက်ရေလောင်း ဆေးကြောရာသကဲ့သို့လည်းကောင်း၊ သီလဖြင့် ပညာကို ပညာဖြင့်သီလကို ဆေးကြောရာ၏။ သီလရှိသောသူ၌ ပညာရှိ၏ ပညာရှိသောသူ၌ သီလရှိ၏ ဒါကြောင့် သီလနှင့်ပညာကို လောက၌ အမြတ်ဆုံးဟု မြတ်ဗုဒ္ဓက သောဏဒဏ္ဍပုဏ္ဏားကို မိန့်တော်မူ၏။

သောဏဒဏ္ဍသုတ်မှ ကောက်နူတ်တင်ပြသည်။

သောဏဒဏ္ဍသုတ်၊ ၃၁၇ မှ၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။

expr:id='"post-" + data:post.id'>

ကြားငြားဝမ်းသာရှိပါစေ

  • သဒ္ဓါရှိကြ၊ များလှသူငါ။
သဒ္ဓါစကား၊ ကြားငြားဝမ်းသာ။

သဒ္ဓါမဲ့ကြ၊ ခါးလှနားမှာ။

မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
  • သီလရှိကြ၊ များလှသူငါ။
သီလစကား၊ ကြားငြားဝမ်းသာ။

သီလမဲ့ကြ၊ ခါးလှနားမှာ။

မြတ်ဗုဒ္ဓ ၊ဟောပြ ဒေသနာ။
  • သုတရှိကြ ၊များလှသူငါ။
သုတစကား၊ ကြားငြားဝမ်းသာ။

သုတမဲ့ကြ၊ ခါးလှနားမှာ။

မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
  • စာဂရှိကြ၊ များလှသူငါ။
စာဂစကား၊ ကြားငြားဝမ်းသာ။

စာဂမဲ့ကြ၊ ခါးလှနားမှာ။

မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။


၇ - ဒုက္ကထာသုတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Tuesday, February 23, 2010

expr:id='"post-" + data:post.id'>

ညီညာစုံမှ

  • မင်းမပါ
ဘယ်ဟာမပြီး
မင်းချည်းတော့လည်း
ဘယ်ဟာမပြီး ။

  • သူမပါ
ဘယ်ဟာမပြီး
သူ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။

  • ငါမပါ
ဘယ်ဟာမပြီး
ငါ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။

  • မင်း သူ ငါ
ညီညာစုံမှ
အလုံးစုံ ကိစ္စပြီး။

(နခုန်ပထုန်ဆရာတော် ဦးနန္ဒ၀ံသ ထံမှ ကြားနာခဲ့ရ)

Monday, February 22, 2010

expr:id='"post-" + data:post.id'>

မြင့်မြတ်ကြပါစေ...

တန်းတူတွေ့ လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မည့်အစား မေတ္တာပွား ပွားများသူမှ မြင့်မြတ်မယ်။

ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်နိုင်က ယိုင်တတ်တယ်။
ယိုင်မည့်အစား မုဒိတာပွား ပွားများသူမှ မြင့်မြတ်မယ်။

ကိုယ့်အောက်တွေ့ လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မည့်အစား ကရုဏာပွား ပွားများသူမှ မြင့်မြတ်မယ်။

Tuesday, February 16, 2010

expr:id='"post-" + data:post.id'>

အညီအမျှ ထားနိုင်မှ

အချင်းချင်းညီညွတ်ဖို့၊ မိသားစုအချင်းချင်း၊ ဆရာတပည့်အချင်းချင်း၊ ကျောင်းသားအချင်းချင်း၊ သမဂ္ဂအချင်းချင်း
ညီညွတ်ဖိုဆိုရင် ချီးမြှောက်ထောက်ပံ့တဲ့အခါ အောက်ပါချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးနှင့်အညီထောက်ပံ့မှ အချင်းချင်းအဆင်ပြေ၏။ အဆင်မပြေဖြစ်တတ်တာက ဥပမာ မိဘ ဆရာသမားလူကြီးတွေက တော်တဲ့ သားသ္မီး၊တပည့်တို့ကို ချီမြှောက်ထောက်ပံ့ပြီ မတော်တဲ့ သားသ္မီး၊တပည့်တို့ကိုမချီးမြှောက်တဲ့အခါ ဖြစ်တတ်သည် သူတို့သည် အကြောင်းတရားကို ရေသာခိုပြီး အကျိုးတရားကိုတော့ အညီအမျှ ခံစားချင်သောကြောင့်ဖြစ်ပါ၏။ ဒါ့ကြောင့်ညီညွတ်ဖို့ဆိုရင်.....
၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။
၃။ အတ္ထာစရိယ-တစ်ယောက်၏အကျိုးစီးပွားကို တစ်ယောက်ကသိ၍,အပြန်အလှန် အချင်းချင်း ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထား၍, မိမိကိုယ်နှင့် တန်းတူထားချီးမြှောက်ထောက်ပံ့ခြင်း

ဒီသင်္ဂဟ တရားလေးပါးလက်ကိုင်းထားပြီး ကျင့်သုံးလိုက်နာမယ်ဆိုရင် မိဘနဲ့သားသ္မီး၊ ဆရာနဲ့တပည့်၊ ခေါင်းဆောင်နဲ့နောက်လိုက် ရေနဲ့ရောထားတဲ့နို့ရည်သည် တသားတည်းဖြစ်သလို့ အချင်းချင်းညီညွတ်ကြပြီး လိုရာခရီး အပြီးရောက်အောင် လက်တွဲညီညာ စည်းလုံးစွာဖြင့် လျှောက်လှမ်းနိုင်ပါ၏။

ပေးကမ်းရက်ရော, အပြောချိုသာ ၊
သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊
တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊
ညီညွတ်ရေး, အားပေး ဤလေးဖြာ ။
expr:id='"post-" + data:post.id'>

ပညာရှိသူတော်ကောင်းတို့ရဲ့သဘော

  • စန္ဒကူပင်သည် အပင်ခြောက်သော်လည်း စန္ဒကူပင်၏မွှေးရနံ့ကိုမစွန့်။
  • ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
  • ကြံသည် ကြံကြိတ်စက်ဖြင့် ကြိတ်သော်လည်း ကြံ၏ချိုသောအရသာကို မစွန့်။
  • ပညာရှိသူတော်ကောင်းသည် ဆင်းရဲဒုက္ခရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။

( လောကနီတိ)

Monday, February 15, 2010

expr:id='"post-" + data:post.id'>

သာသနာကွယ်ခြင်း အကြောင်းရင်း

မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး ကွယ်ရခြင်းအကြောင်းတရား (၅)မျိုးရှိ၏။ ယင်းတို့ကား.........
1) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို စိတ်ပါဝင်စားစွာ နားမထောင်ခြင်း။
2) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို သိအောင် နာလည်အောင် မသင်ကြားခြင်း။
3) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နှူတ်တက်အာဂုံရအောင် မပြုလုပ်ခြင်း။
4) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို မေ့မေ့ပျောက်ပျောက်နေလေ့ရှိပြီး သိရှိအောင်မမှတ်သားခြင်း။
5) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နာယူမှတ်သား သင်ကြားသိရှိသည့်အလျှောက် လက်တွေ့ ကင်းကွာ ကျင့်ကြံမူမရှိခြင်း။

တရားမနာ၊
စာပေမသင်
နှုတ်တွင်မဆောင်၊
သိအောင်မမှတ်
ပဋိပတ်ကွာ၊
ဤ ငါးဖြာ
သာသနာကွယ်ကြောင်းတည်း။