Tuesday, February 16, 2010

expr:id='"post-" + data:post.id'>

အညီအမျှ ထားနိုင်မှ

အချင်းချင်းညီညွတ်ဖို့၊ မိသားစုအချင်းချင်း၊ ဆရာတပည့်အချင်းချင်း၊ ကျောင်းသားအချင်းချင်း၊ သမဂ္ဂအချင်းချင်း
ညီညွတ်ဖိုဆိုရင် ချီးမြှောက်ထောက်ပံ့တဲ့အခါ အောက်ပါချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးနှင့်အညီထောက်ပံ့မှ အချင်းချင်းအဆင်ပြေ၏။ အဆင်မပြေဖြစ်တတ်တာက ဥပမာ မိဘ ဆရာသမားလူကြီးတွေက တော်တဲ့ သားသ္မီး၊တပည့်တို့ကို ချီမြှောက်ထောက်ပံ့ပြီ မတော်တဲ့ သားသ္မီး၊တပည့်တို့ကိုမချီးမြှောက်တဲ့အခါ ဖြစ်တတ်သည် သူတို့သည် အကြောင်းတရားကို ရေသာခိုပြီး အကျိုးတရားကိုတော့ အညီအမျှ ခံစားချင်သောကြောင့်ဖြစ်ပါ၏။ ဒါ့ကြောင့်ညီညွတ်ဖို့ဆိုရင်.....
၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။
၃။ အတ္ထာစရိယ-တစ်ယောက်၏အကျိုးစီးပွားကို တစ်ယောက်ကသိ၍,အပြန်အလှန် အချင်းချင်း ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထား၍, မိမိကိုယ်နှင့် တန်းတူထားချီးမြှောက်ထောက်ပံ့ခြင်း

ဒီသင်္ဂဟ တရားလေးပါးလက်ကိုင်းထားပြီး ကျင့်သုံးလိုက်နာမယ်ဆိုရင် မိဘနဲ့သားသ္မီး၊ ဆရာနဲ့တပည့်၊ ခေါင်းဆောင်နဲ့နောက်လိုက် ရေနဲ့ရောထားတဲ့နို့ရည်သည် တသားတည်းဖြစ်သလို့ အချင်းချင်းညီညွတ်ကြပြီး လိုရာခရီး အပြီးရောက်အောင် လက်တွဲညီညာ စည်းလုံးစွာဖြင့် လျှောက်လှမ်းနိုင်ပါ၏။

ပေးကမ်းရက်ရော, အပြောချိုသာ ၊
သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊
တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊
ညီညွတ်ရေး, အားပေး ဤလေးဖြာ ။

No comments: