Monday, February 15, 2010

expr:id='"post-" + data:post.id'>

သာသနာကွယ်ခြင်း အကြောင်းရင်း

မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး ကွယ်ရခြင်းအကြောင်းတရား (၅)မျိုးရှိ၏။ ယင်းတို့ကား.........
1) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို စိတ်ပါဝင်စားစွာ နားမထောင်ခြင်း။
2) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို သိအောင် နာလည်အောင် မသင်ကြားခြင်း။
3) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နှူတ်တက်အာဂုံရအောင် မပြုလုပ်ခြင်း။
4) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို မေ့မေ့ပျောက်ပျောက်နေလေ့ရှိပြီး သိရှိအောင်မမှတ်သားခြင်း။
5) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နာယူမှတ်သား သင်ကြားသိရှိသည့်အလျှောက် လက်တွေ့ ကင်းကွာ ကျင့်ကြံမူမရှိခြင်း။

တရားမနာ၊
စာပေမသင်
နှုတ်တွင်မဆောင်၊
သိအောင်မမှတ်
ပဋိပတ်ကွာ၊
ဤ ငါးဖြာ
သာသနာကွယ်ကြောင်းတည်း။

No comments: