Friday, November 27, 2009

expr:id='"post-" + data:post.id'>

အဘိဓမ္မာဆရာကြီး တရုတ်တန်းဦးတောက်ကို ရေးသားဆုံးမတော်မူတဲ့ ဧကပိုဒ် ရတု

ဆိုပိမ့်ဟုတ်ရာ၊ စေ့စေ့နာလော့၊ သဒ္ဒါပရမတ်၊ မနူးနပ်ဘဲ၊ လူတတ်တဆူ၊ ငါကောဟူ၍၊ အယူထွေဆန်း၊ မရဲလွန်းနှင့်၊ ကျမ်းတဲ့ဂန်တဲ့၊ မရွဲ့စသာ၊ လေးမြတ်ပါမှ၊ ပညာတိုးပွား၊ အကျိုးများလိမ့်၊ လေးပါးပင်လယ်၊ နက်ဝှမ်းကျယ်ကို၊ ယုန်ငယ်သေးကွေး၊ မလောက်လေးမူ၊ သေဘေးမနှောင်း၊ မြဲစတောင်းတည့်၊ ခါကောင်းသမယ၊ န၀မတဲ့၊ ဘ၀အခိုက်၊ မကြိုက်စသာ၊ ကြိုက်ခဲ့ပါလည်း၊ သမ္မာမ၀င်၊ မိစ္ဆာယှဉ်က၊ လူတွင်လုံးလုံး၊ အဖြစ်ရှုံး၏၊ ထုံးတောင်းတန္တီ၊ ကျမ်းအညီ နှင့်၊ ဂမ္ဘီရဓာတ်၊ ပရမတ်ကို၊ အတတ်တွေးတော၊ မဟောပြောနှင့်၊ သဘောသကံ၊ မိမိဉာဏ်နှင့်၊ မတန်မရာ၊ နက်နဲစွာကို၊ အရာမသိ၊ မရိပ်မိဘဲ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊ ကြိုးကြိုးပမ်းပမ်း၊ အကြံဆန်းမူ၊ ပရမ်းပတာ၊ စိတ်သညာဖြင့်၊ ထင်ရာထင်မိ၊ မှားခေါင်ထိ၍၊ ဒိဋ္ဌိ ဒီမြစ်၊ စုံးစုံးနစ်သည်။ … ။ လူဖြစ် ဤတွင် အဆုံးတည်း။ …. ။
expr:id='"post-" + data:post.id'>

မုံရွာမြို့ အဘိဓမ္မာဆရာကြီး ဦးသဲကို ဆုံးမတော်မူတဲ့ ဆုံးမစာ

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်၊ သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုဃ်းလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကား ရာထောင်၊ မကမှောင်၏။ လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့ လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏။ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။ နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊ နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ထားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစမဆုံး၊ အများထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်။ … ။ နင်လို လူမိုက် သွားလမ်းတည်း … ။ … ။
expr:id='"post-" + data:post.id'>

မုံရွာမြို့အနီး ဆားထုံးရွာက အဘိဓမ္မာ မောင်ရောင်နီကို ရေးပေးတဲ့ ပိဋကတ်အစွယ်ချိုး

တပိုင်းကြောင် ကျက်oစာရရုံနှင့်၊
ခက်ပါလှ သဘောဉာဏ်၊
ထက်မာန အပြောသန်တယ်၊
ဒေါသမာန်ထူပွား။
စောဒကတုဘက်လာလျှင်၊
သူ့ထက်ငါ ငြင်းတဲ့လူစား။ … ။

ဘုရားဟော မြတ်ဓမ္မက္ခန်ကို၊
တတ်လေဟန် ရောင်ဝါး၊
ပရမတ်ပြန် အကြောင်သမားတွေတို့၊
ထောင်လွှားကြသူ့ထက်ငါ။
အသိဉာဏ် တထွာလောက်ကယ်နှင့်၊
ညှာမထောက် ဟောတတ်လှပါ။ … ။

ပရိသတ် ထောမနာအောင်၊
စောဒနာဉာဏ်အကောက်တွေနှင့်၊
ကန်အကြောက် အတင်း မရှောင်၊
ငြင်းကြလူ့ဘောင်။
ပိဋကတ်အစွယ်ထောင်လျှင်၊
အပါယ်ဘောင် ဆင်းရလိမ့်လေး … ။ … ။
expr:id='"post-" + data:post.id'>

မောင်သြဇာကိုဆုံးမစာ

အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုံ၊
နှစ်မျောလို့ အသက်ကုန်တယ်၊
တွက်ပုံဖြင့် မကောင်း။
ခုလိုနှင့် သံသာဘွေမှာ၊
ခန္ဓာတွေများတဲ့ စတောင်း။ … ။

သက်မွေးမှု စခန်းပိုအောင်၊
ဝမ်းကိုသာနင်ကျောင်း၊
လေးဆယ်ကျော် အရွယ် နှောင်းခါမှ၊
သူကြွယ်လောင်းလုပ်ချင်။

မိုဃ်းကုန်ပြီ ထွန်မချချင်နှင့်၊
ရွံစရာ့ မှားဖို့ ဖြစ်အင်။ … ။

နွားအိုကြီး အမော့သင်သလို၊
မလျှော့လျှင် ဘ၀ဆုံးရှာတော့၊
အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်။
တရားသို့ မသက်ဝင်လျှင်၊
အခက်နင် ကြုံတွေ့ ဖို့လေး။ … ။