မြတ်စွာဘုရားအားလေးဆယ်ငါးဝါတွင်းအနီးကပ်ပြုစုလုပ်ကျွေးသူသံဃာတော်ကိုးပါးရှိ၏ ပထမ၀ါနှစ်ဆယ်အတွင်း
1) အရှင်နာဂသမာလမထေရ်
2) အရှင်နာဂိတ မထေရ်
3) အရှင်ဥပ၀ါန မထေရ်
4) အရှင်သုနက္ခတ္တမထေရ်
5) သာမဏေစုန္ဒ(အရှင်သာရိပုတ္တရာညီ)
6) အရှင်နန္ဒက
7) အရှင်သာဂတ
8) အရှင်မေဃိယ တို့ရှစ်ပါးသည် တစ်ခါတစ်ရံပြုစုလုပ်ကျွေးခဲ၏။
9) အရှင်အာနန္ဒာမထေရ်သည် နှစ်ဆယ်တစ်ဝါမှစ၍ လေးဆယ်ငါးဝါအထိ နှစ်ဆယ့်ငါးဝါတိုင်တိုင် ပြုစုလုပ်ကျွေးခဲ့၏။
Friday, November 12, 2010
expr:id='"post-" + data:post.id'>
ဗုဒ္ဓအလုပ်အကျွေးကိုးပါး
Monday, August 23, 2010
expr:id='"post-" + data:post.id'>
သတိရှိ၍သိရမည့်အရာလေးမျိုး
လှုပ်ရှာမူရာ ဖြစ်တိုင်းမှာ မှန်စွာသတိရှိ၍သိရမည်။
ကြံစည်တွေးရာ ကြံတိုင်းမှာ မှန်စွာသတိရှိ၍သိရမည်။
ကောင်းဆိုလတ်ပါ ခံစာတာ မှန်စွာသတိရှိ၍သိရမည်။
သဘောမှုရာ ဖြစ်တိုင်းမှာ မှန်စွာသတိရှိ၍သိရမည်။
ကြံစည်တွေးရာ ကြံတိုင်းမှာ မှန်စွာသတိရှိ၍သိရမည်။
ကောင်းဆိုလတ်ပါ ခံစာတာ မှန်စွာသတိရှိ၍သိရမည်။
သဘောမှုရာ ဖြစ်တိုင်းမှာ မှန်စွာသတိရှိ၍သိရမည်။
Sunday, August 22, 2010
expr:id='"post-" + data:post.id'>
ချမ်းသာနိုင်ပါစေ
အိုခြင်းရှိရာ ဤခန္ဓာ အိုတာမလွန်နိုင်။
နာခြင်းရှိရာ ဤခန္ဓာ နာတာမလွန်နိုင်။
သေခြင်းရှိရာ ဤခန္ဓာ သေတာမလွန်နိုင်။
အိုနာသေက လွတ်အောင်ပ ပွားကြမဂ္ဂင်နိုင်။
မဂ္ဂင်ပွားမှ လွန်နိုင်ကြ ဘ၀ချမ်းသာနိုင်။
နာခြင်းရှိရာ ဤခန္ဓာ နာတာမလွန်နိုင်။
သေခြင်းရှိရာ ဤခန္ဓာ သေတာမလွန်နိုင်။
အိုနာသေက လွတ်အောင်ပ ပွားကြမဂ္ဂင်နိုင်။
မဂ္ဂင်ပွားမှ လွန်နိုင်ကြ ဘ၀ချမ်းသာနိုင်။
Wednesday, April 28, 2010
expr:id='"post-" + data:post.id'>
ဗုဒ္ဓဘာသာ
Wednesday, March 17, 2010
expr:id='"post-" + data:post.id'>
သဘောကြ၍
မနောခလျှက်
ပြောခဲ့ဆိုခဲ့ ပြုမူခဲ့နဲ့
ကြံခဲ့တွေးခဲ့
ထင်မှတ်ခဲ့သည့်ငါ။
သဘောကြ၍
မနောခလျှက်
ပြောကြဆိုကြ ပြုမူကြနဲ့
ကြံကြတွေးကြ
ထင်မှတ်ကြသည့်ငါ။
ကိုယ်ကိုဟုတ်လှ
သဘောကြ၍
မနောခလျှက်
ပြောမယ်ဆိုမယ် ပြုမူမယ်နဲ့
ကြံမယ်တွေးမယ်
ထင်မှတ်နေမည့်ငါ။
ကြံတွေးမူလျှက်
ဟုတ်လှ ထင်လှ
မှတ်ထင်ကြသည့်
ငါ ဟုဆိုတဲ့ ဤခန္ဓာမှာ
“ငါ”ကို ဖွေရှာမတွေ့ တာသည်
ဘာလျှင်ဘာမျှမဟုတ်သောကြောင့်တည်း။
ဘာမျှမဟုတ်
- အတိတ်တုန်က
သဘောကြ၍
မနောခလျှက်
ပြောခဲ့ဆိုခဲ့ ပြုမူခဲ့နဲ့
ကြံခဲ့တွေးခဲ့
ထင်မှတ်ခဲ့သည့်ငါ။
- ခုချိန်မှာလည်း
သဘောကြ၍
မနောခလျှက်
ပြောကြဆိုကြ ပြုမူကြနဲ့
ကြံကြတွေးကြ
ထင်မှတ်ကြသည့်ငါ။
- နောင်ဝယ်ကာလ
ကိုယ်ကိုဟုတ်လှ
သဘောကြ၍
မနောခလျှက်
ပြောမယ်ဆိုမယ် ပြုမူမယ်နဲ့
ကြံမယ်တွေးမယ်
ထင်မှတ်နေမည့်ငါ။
- ရှေးယခင်မှ ခုနောင်တိုင်အောင်
ကြံတွေးမူလျှက်
ဟုတ်လှ ထင်လှ
မှတ်ထင်ကြသည့်
ငါ ဟုဆိုတဲ့ ဤခန္ဓာမှာ
“ငါ”ကို ဖွေရှာမတွေ့ တာသည်
ဘာလျှင်ဘာမျှမဟုတ်သောကြောင့်တည်း။
Saturday, March 13, 2010
expr:id='"post-" + data:post.id'>
ဘုရားသခင်ရှိသလား
Friday, March 12, 2010
expr:id='"post-" + data:post.id'>
ဝိပဿနာပွားကျိုး
သတိမမေ့
ချိန်နေ့သိပြန်
မျက်လန်ကြောဆွဲ
မရှိဘဲနှင့်
သေလည်းမတောင့်တင်း
ပုပ်နံ့ကင်းသည်
ကျိုးရင်း ၀ိပဿနာ
တန်ခိုးတည်း။
(တော်ကူးဆရာတော်)
expr:id='"post-" + data:post.id'>
အခက်နင်တွေ့ လိမ့်
ပစ္စည်းရှာ အလုပ်နှင့်
နေ့ပုပ်လို့ ရက်ကုန်၊
နှစ်မျောလို့ အသက်ကုန်တယ်
တွက်ပုံဖြင့် မကောင်း၊
ခုလိုနှင့် သံသာဘွေမှာ
ခန္ဓာတွေများခဲ့ စတောင်း၊
သက်မွေးမှု စခန်းပိုအောင်
ဝမ်းကိုသာ နင်ကျောင်း၊
လေးဆယ်ကျော်
အရွယ် နှောင်းခါမှ
သူကြွယ်လောင်းလုပ်ချင်
မိုးကုန်ပြီ ထွန်မချချင်နှင့်
ရွံစရာ များဖို့ ဖြစ်အင်၊
နွားအိုကြီး အမော့သင်သလို
မလျှော့လျှင် ဘ၀ဆုံးရှာတော့၊
အစတုံး နင့်အဆင်
လွဲဖို့ သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက်နင် ကြုံတွေ့လိမ့်လေး ။
(လယ်တီဆရာတော်)
နေ့ပုပ်လို့ ရက်ကုန်၊
နှစ်မျောလို့ အသက်ကုန်တယ်
တွက်ပုံဖြင့် မကောင်း၊
ခုလိုနှင့် သံသာဘွေမှာ
ခန္ဓာတွေများခဲ့ စတောင်း၊
သက်မွေးမှု စခန်းပိုအောင်
ဝမ်းကိုသာ နင်ကျောင်း၊
လေးဆယ်ကျော်
အရွယ် နှောင်းခါမှ
သူကြွယ်လောင်းလုပ်ချင်
မိုးကုန်ပြီ ထွန်မချချင်နှင့်
ရွံစရာ များဖို့ ဖြစ်အင်၊
နွားအိုကြီး အမော့သင်သလို
မလျှော့လျှင် ဘ၀ဆုံးရှာတော့၊
အစတုံး နင့်အဆင်
လွဲဖို့ သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက်နင် ကြုံတွေ့လိမ့်လေး ။
(လယ်တီဆရာတော်)
Wednesday, March 3, 2010
expr:id='"post-" + data:post.id'>
ကုသိုလ်ရှိချင်
- အသက်သဒ္ဓါ စည်းစိမ်ပါ ပျက်မှာအချိန်မသိ။
- မပျက်သေးခင် လက်ဦးလျှင် ရချင်ကုသိုလ်ရှိ။
expr:id='"post-" + data:post.id'>
သြ၀ါဒ
မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ။
အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ။
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။
အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ။
မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။
expr:id='"post-" + data:post.id'>
လောက၌ အမြတ်ဆုံးတရား နှစ်ပါး
လက်ဆေးရာ၌ လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ပွတ်တိုက်ရေလောင်း ဆေးကြောရာသကဲ့သို့လည်းကောင်း၊ ခြေဆေးရာ၌ ခြေတစ်ဖက်ဖြင် ခြေတစ်ဖက်ကို ပွတ်တိုက်ရေလောင်း ဆေးကြောရာသကဲ့သို့လည်းကောင်း၊ သီလဖြင့် ပညာကို ပညာဖြင့်သီလကို ဆေးကြောရာ၏။ သီလရှိသောသူ၌ ပညာရှိ၏ ပညာရှိသောသူ၌ သီလရှိ၏ ဒါကြောင့် သီလနှင့်ပညာကို လောက၌ အမြတ်ဆုံးဟု မြတ်ဗုဒ္ဓက သောဏဒဏ္ဍပုဏ္ဏားကို မိန့်တော်မူ၏။
သောဏဒဏ္ဍသုတ်မှ ကောက်နူတ်တင်ပြသည်။
သောဏဒဏ္ဍသုတ်၊ ၃၁၇ မှ၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။
expr:id='"post-" + data:post.id'>
သဒ္ဓါမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
သီလမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ ၊ဟောပြ ဒေသနာ။
သုတမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
စာဂမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
၇ - ဒုက္ကထာသုတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကြားငြားဝမ်းသာရှိပါစေ
- သဒ္ဓါရှိကြ၊ များလှသူငါ။
သဒ္ဓါမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
- သီလရှိကြ၊ များလှသူငါ။
သီလမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ ၊ဟောပြ ဒေသနာ။
- သုတရှိကြ ၊များလှသူငါ။
သုတမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
- စာဂရှိကြ၊ များလှသူငါ။
စာဂမဲ့ကြ၊ ခါးလှနားမှာ။
မြတ်ဗုဒ္ဓ၊ ဟောပြ ဒေသနာ။
၇ - ဒုက္ကထာသုတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
Tuesday, February 23, 2010
expr:id='"post-" + data:post.id'>
မင်းချည်းတော့လည်း
ဘယ်ဟာမပြီး ။
သူ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။
ငါ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။
အလုံးစုံ ကိစ္စပြီး။
(နခုန်ပထုန်ဆရာတော် ဦးနန္ဒ၀ံသ ထံမှ ကြားနာခဲ့ရ)
ညီညာစုံမှ
- မင်းမပါ
မင်းချည်းတော့လည်း
ဘယ်ဟာမပြီး ။
- သူမပါ
သူ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။
- ငါမပါ
ငါ့ချည်းတော့လည်း
ဘယ်ဟာမပြီး ။
- မင်း သူ ငါ
အလုံးစုံ ကိစ္စပြီး။
(နခုန်ပထုန်ဆရာတော် ဦးနန္ဒ၀ံသ ထံမှ ကြားနာခဲ့ရ)
Monday, February 22, 2010
expr:id='"post-" + data:post.id'>
မြင့်မြတ်ကြပါစေ...
တန်းတူတွေ့ လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မည့်အစား မေတ္တာပွား ပွားများသူမှ မြင့်မြတ်မယ်။
ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်နိုင်က ယိုင်တတ်တယ်။
ယိုင်မည့်အစား မုဒိတာပွား ပွားများသူမှ မြင့်မြတ်မယ်။
ကိုယ့်အောက်တွေ့ လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မည့်အစား ကရုဏာပွား ပွားများသူမှ မြင့်မြတ်မယ်။

Tuesday, February 16, 2010
expr:id='"post-" + data:post.id'>
အညီအမျှ ထားနိုင်မှ
အချင်းချင်းညီညွတ်ဖို့၊ မိသားစုအချင်းချင်း၊ ဆရာတပည့်အချင်းချင်း၊ ကျောင်းသားအချင်းချင်း၊ သမဂ္ဂအချင်းချင်း
ညီညွတ်ဖိုဆိုရင် ချီးမြှောက်ထောက်ပံ့တဲ့အခါ အောက်ပါချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးနှင့်အညီထောက်ပံ့မှ အချင်းချင်းအဆင်ပြေ၏။ အဆင်မပြေဖြစ်တတ်တာက ဥပမာ မိဘ ဆရာသမားလူကြီးတွေက တော်တဲ့ သားသ္မီး၊တပည့်တို့ကို ချီမြှောက်ထောက်ပံ့ပြီ မတော်တဲ့ သားသ္မီး၊တပည့်တို့ကိုမချီးမြှောက်တဲ့အခါ ဖြစ်တတ်သည် သူတို့သည် အကြောင်းတရားကို ရေသာခိုပြီး အကျိုးတရားကိုတော့ အညီအမျှ ခံစားချင်သောကြောင့်ဖြစ်ပါ၏။ ဒါ့ကြောင့်ညီညွတ်ဖို့ဆိုရင်.....
၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။
၃။ အတ္ထာစရိယ-တစ်ယောက်၏အကျိုးစီးပွားကို တစ်ယောက်ကသိ၍,အပြန်အလှန် အချင်းချင်း ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထား၍, မိမိကိုယ်နှင့် တန်းတူထားချီးမြှောက်ထောက်ပံ့ခြင်း
ဒီသင်္ဂဟ တရားလေးပါးလက်ကိုင်းထားပြီး ကျင့်သုံးလိုက်နာမယ်ဆိုရင် မိဘနဲ့သားသ္မီး၊ ဆရာနဲ့တပည့်၊ ခေါင်းဆောင်နဲ့နောက်လိုက် ရေနဲ့ရောထားတဲ့နို့ရည်သည် တသားတည်းဖြစ်သလို့ အချင်းချင်းညီညွတ်ကြပြီး လိုရာခရီး အပြီးရောက်အောင် လက်တွဲညီညာ စည်းလုံးစွာဖြင့် လျှောက်လှမ်းနိုင်ပါ၏။
ပေးကမ်းရက်ရော, အပြောချိုသာ ၊
သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊
တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊
ညီညွတ်ရေး, အားပေး ဤလေးဖြာ ။

( လောကနီတိ)
ပညာရှိသူတော်ကောင်းတို့ရဲ့သဘော
- စန္ဒကူပင်သည် အပင်ခြောက်သော်လည်း စန္ဒကူပင်၏မွှေးရနံ့ကိုမစွန့်။
- ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
- ကြံသည် ကြံကြိတ်စက်ဖြင့် ကြိတ်သော်လည်း ကြံ၏ချိုသောအရသာကို မစွန့်။
- ပညာရှိသူတော်ကောင်းသည် ဆင်းရဲဒုက္ခရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။
( လောကနီတိ)
Monday, February 15, 2010
expr:id='"post-" + data:post.id'>
သာသနာကွယ်ခြင်း အကြောင်းရင်း
မြတ်ဗုဒ္ဓ၏သာသနာတော်ကြီး ကွယ်ရခြင်းအကြောင်းတရား (၅)မျိုးရှိ၏။ ယင်းတို့ကား.........
1) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို စိတ်ပါဝင်စားစွာ နားမထောင်ခြင်း။
2) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို သိအောင် နာလည်အောင် မသင်ကြားခြင်း။
3) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နှူတ်တက်အာဂုံရအောင် မပြုလုပ်ခြင်း။
4) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို မေ့မေ့ပျောက်ပျောက်နေလေ့ရှိပြီး သိရှိအောင်မမှတ်သားခြင်း။
5) ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မြတ်ဗုဒ္ဓဟောကြားအမှန်တရားများကို နာယူမှတ်သား သင်ကြားသိရှိသည့်အလျှောက် လက်တွေ့ ကင်းကွာ ကျင့်ကြံမူမရှိခြင်း။
တရားမနာ၊
စာပေမသင်
နှုတ်တွင်မဆောင်၊
သိအောင်မမှတ်
ပဋိပတ်ကွာ၊
ဤ ငါးဖြာ
သာသနာကွယ်ကြောင်းတည်း။

Saturday, February 6, 2010
expr:id='"post-" + data:post.id'>
ဆုံးပိုင်ခြားမရှိရာ
၁။ ကောင်းကင်
၂။ စင်္ကြာဝဠာ
၃။ သတ္က၀ါ
၎။ ဘုရားဂုဏ်တော်များ
ကောင်းကင်စင်္ကြာ သတ္တ၀ါ မှတ်ပါဘုရားဂုဏ်တော်များ။
ဤသည်လေးဝ ပိုင်းခြားက ဆုံးစမရှိပါ။
အာကာသစက္က၀ါဠဉ္စ၊ သတွာ ဗုဒ္ဓဂုဏာပိစ။
အညာနိ နာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ၀ိဇ္ဇတိ။
၂။ စင်္ကြာဝဠာ
၃။ သတ္က၀ါ
၎။ ဘုရားဂုဏ်တော်များ
ကောင်းကင်စင်္ကြာ သတ္တ၀ါ မှတ်ပါဘုရားဂုဏ်တော်များ။
ဤသည်လေးဝ ပိုင်းခြားက ဆုံးစမရှိပါ။
အာကာသစက္က၀ါဠဉ္စ၊ သတွာ ဗုဒ္ဓဂုဏာပိစ။
အညာနိ နာမ စတ္တာရော၊ ပရိစ္ဆေဒေါ န ၀ိဇ္ဇတိ။
expr:id='"post-" + data:post.id'>
အောင်ခြင်း(၈)ပါး
မာရ်နတ်ရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဘီလူးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဆင်မင်းရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
သူခိုးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
မိန်းမညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
တိတညိညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
နဂါးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဗြဟ္မာညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဘီလူးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဆင်မင်းရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
သူခိုးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
မိန်းမညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
တိတညိညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
နဂါးရန်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
ဗြဟ္မာညစ်ဆိုး ဖျက်ချိုးအောင်မြင်၊
ဘုန်းတော်ရာင်လျှမ်း အောင်ပန်းသခင်။
လက်စုံမိုး၍ ရှိခိုးဦးတင်၊
အောင်စေကြောင်း ဆုတောင်းပဏာဆင်။
expr:id='"post-" + data:post.id'>
မိမိပမာပြု
ဒဏ်ခတ်ခြင်းမှ ထိတ်ုကသတ္တ၀ါ၊
သေခြင်းမှာလဲ ထိုနည်းတူစွာ။
မိမိပမာပြု သတ်မူရှောင်ခွါ၊
အဲဒါမှ မြတ်ဗုဒ္ဓဟောပြဒေသနာ။
သေခြင်းမှာလဲ ထိုနည်းတူစွာ။
မိမိပမာပြု သတ်မူရှောင်ခွါ၊
အဲဒါမှ မြတ်ဗုဒ္ဓဟောပြဒေသနာ။
Monday, February 1, 2010
expr:id='"post-" + data:post.id'>
သူငါဘယ်မှာ
လောကဇာတ်ခုံ ဤလူ့ဘုံ မျိုးစုံ့ကကြသည်။
ငါလျှင်သူဌေး ငါပဂေး ငါသွေးတက်ကြွမာန်မူသည်။
မိုးအောက်တလွှား ရွှေကိုယ်လား ထင်မှာနေကြသည်။
တဏှာဘီလူး အမှောင်ပူး လွန်ကျူး ၍သာချိန်ကုန်သည်။
ဇာတ်ပွဲပြီက ပြည်ဖုန်းချ သုဘရာဇာလက်တွင်းဆင်ရသည်။
ပုပ်သိုးခန္ဓာ မြုပ်ရရှာ ဘယ်မှာသူငါရှာမရပြီ။
ငါလျှင်သူဌေး ငါပဂေး ငါသွေးတက်ကြွမာန်မူသည်။
မိုးအောက်တလွှား ရွှေကိုယ်လား ထင်မှာနေကြသည်။
တဏှာဘီလူး အမှောင်ပူး လွန်ကျူး ၍သာချိန်ကုန်သည်။
ဇာတ်ပွဲပြီက ပြည်ဖုန်းချ သုဘရာဇာလက်တွင်းဆင်ရသည်။
ပုပ်သိုးခန္ဓာ မြုပ်ရရှာ ဘယ်မှာသူငါရှာမရပြီ။
expr:id='"post-" + data:post.id'>
ပြုကြမြန်စွာ
ပြူဖွယ်ကိစ္စ ပြုကြသူငါ။
နက်ဖြန်သဘက် သေရက်မသိပါ။
သေခြင်းတရား ချိန်းငြားမရှိရှာ။
ကုသိုလ်မူ ပြကြဆော့လျှင်စွာ။
အဇ္ဖေ၀ ကိစ္စမာတဗ္ဗံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ကရံတေန၊ မဟာသေနေန မစ္စုနာ။
နက်ဖြန်သဘက် သေရက်မသိပါ။
သေခြင်းတရား ချိန်းငြားမရှိရှာ။
ကုသိုလ်မူ ပြကြဆော့လျှင်စွာ။
အဇ္ဖေ၀ ကိစ္စမာတဗ္ဗံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ကရံတေန၊ မဟာသေနေန မစ္စုနာ။
expr:id='"post-" + data:post.id'>
လူတိုင်းဖြစ်ကြ
နုနယ်ရုပ်ဆင်း၊ တောင့်တင်းခိုင်မာ။
ဇရာထောင်းတော့၊ ကောင်းကောင်း မမာ။
ဗျာဓိနာခြင်း၊ လာညှဉ်းလေတာ။
မရဏ၊ သေရ နောက်ဆုံးပါ။
သေကြရ ဖြစ်ကြလူတိုင်းမှာ။
ဇရာထောင်းတော့၊ ကောင်းကောင်း မမာ။
ဗျာဓိနာခြင်း၊ လာညှဉ်းလေတာ။
မရဏ၊ သေရ နောက်ဆုံးပါ။
သေကြရ ဖြစ်ကြလူတိုင်းမှာ။
Monday, January 18, 2010
Subscribe to:
Posts (Atom)