Sunday, September 13, 2009

expr:id='"post-" + data:post.id'>

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း
ပါယ်လေးဝ သောကဘုံမှာ
မျောရရုံရှိတော့မခန်း
အောက်ဝီစိ သောင်းအငူမှာ
ခေါင်းမပြူစတမ်း
နှစ်အရှည် နစ်မည့်လမ်းကိုလ
နင်မျှော်စမ်း နင့်ကိုယ်
ဒေသနာထင် အလင်းရယ်နှင့်
နင်အဖျင်းပိုထက်သာပို
သည်လောဘ စရိုက်အိုကို
မလိုက်လိုရှောင်ပစ်လို့
နောင်အသစ်တကယ်ပြင်လျှင်
ကောင်းဖို့အစဉ်
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာဆဲကမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမှာ မရုန်းချင်လျှင်
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား

(လယ်တီဆရာတော်)

No comments: