Wednesday, April 28, 2010

expr:id='"post-" + data:post.id'>

ဗုဒ္ဓဘာသာ

Wednesday, March 17, 2010

expr:id='"post-" + data:post.id'>

ဘာမျှမဟုတ်

  • အတိတ်တုန်က
ကိုယ်ကိုဟုတ်လှ
သဘောကြ၍
မနောခလျှက်
ပြောခဲ့ဆိုခဲ့ ပြုမူခဲ့နဲ့
ကြံခဲ့တွေးခဲ့
ထင်မှတ်ခဲ့သည့်ငါ။
  • ခုချိန်မှာလည်း
ကိုယ်ကိုဟုတ်လှ
သဘောကြ၍
မနောခလျှက်
ပြောကြဆိုကြ ပြုမူကြနဲ့
ကြံကြတွေးကြ
ထင်မှတ်ကြသည့်ငါ။
  • နောင်ဝယ်ကာလ
ခါသမယမှာလည်း
ကိုယ်ကိုဟုတ်လှ
သဘောကြ၍
မနောခလျှက်
ပြောမယ်ဆိုမယ် ပြုမူမယ်နဲ့
ကြံမယ်တွေးမယ်
ထင်မှတ်နေမည့်ငါ။
  • ရှေးယခင်မှ ခုနောင်တိုင်အောင်
ပြောဆို ပြုမူ
ကြံတွေးမူလျှက်
ဟုတ်လှ ထင်လှ
မှတ်ထင်ကြသည့်
ငါ ဟုဆိုတဲ့ ဤခန္ဓာမှာ
“ငါ”ကို ဖွေရှာမတွေ့ တာသည်
ဘာလျှင်ဘာမျှမဟုတ်သောကြောင့်တည်း။

Saturday, March 13, 2010

expr:id='"post-" + data:post.id'>

ဘုရားသခင်ရှိသလား

Friday, March 12, 2010

expr:id='"post-" + data:post.id'>

ဝိပဿနာပွားကျိုး

သတိမမေ့

ချိန်နေ့သိပြန်

မျက်လန်ကြောဆွဲ

မရှိဘဲနှင့်

သေလည်းမတောင့်တင်း

ပုပ်နံ့ကင်းသည်

ကျိုးရင်း ၀ိပဿနာ

တန်ခိုးတည်း

(တော်ကူးဆရာတော်)

expr:id='"post-" + data:post.id'>

အခက်နင်တွေ့ လိမ့်

ပစ္စည်းရှာ အလုပ်နှင့်

နေ့ပုပ်လို့ ရက်ကုန်၊

နှစ်မျောလို့ အသက်ကုန်တယ်

တွက်ပုံဖြင့် မကောင်း၊

ခုလိုနှင့် သံသာဘွေမှာ

ခန္ဓာတွေများခဲ့ စတောင်း၊

သက်မွေးမှု စခန်းပိုအောင်

ဝမ်းကိုသာ နင်ကျောင်း၊

လေးဆယ်ကျော်

အရွယ် နှောင်းခါမှ

သူကြွယ်လောင်းလုပ်ချင်

မိုးကုန်ပြီ ထွန်မချချင်နှင့်

ရွံစရာ များဖို့ ဖြစ်အင်၊

နွားအိုကြီး အမော့သင်သလို

မလျှော့လျှင် ဘ၀ဆုံးရှာတော့၊

အစတုံး နင့်အဆင်

လွဲဖို့ သာပြင်

တရားသို့ မသက်ဝင်လျှင်

အခက်နင် ကြုံတွေ့လိမ့်လေး ။

(လယ်တီဆရာတော်)

Wednesday, March 3, 2010

expr:id='"post-" + data:post.id'>

ကုသိုလ်ရှိချင်

  • အသက်သဒ္ဓါ စည်းစိမ်ပါ ပျက်မှာအချိန်မသိ။
  • မပျက်သေးခင် လက်ဦးလျှင် ရချင်ကုသိုလ်ရှိ။
expr:id='"post-" + data:post.id'>

သြ၀ါဒ

မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ။
အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ။


မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး။