Tuesday, November 13, 2012

ြ​ပ​ည့်​စုံ​မှြ​ပ​ည့်စုံ

.ရအောင်ကျိုးစား၊ တိုးပွားဖွေရှာ။
.ထိန်းသိမ်းသုံးကြ၊ မျှတ၍သာ။
.မိတ်ဆွေကောင်းနဲ့၊ ပေါင်းကွဲ့ပေါင်းပါ။
.မျှသက်မွေး၊ မနှေးပြည့်စုံမှာ။

.ကျွမ်းကျင်လိမ္မာ၊ ဆိုင်ရာလုပ်မှာ။
ပညာဇွဲရှိ၊ သတ္တိရှိစွာ။
ပြုတတ်ကိုယ်တိုင်၊ စီမံတတ်ရှာ။
ဥဋ္ဌာနမည်ရ သမ္ပဒါ။

.ရေ မီး သူခိုး၊ မွေဆိုးခံရာ။
မင်းဆိုး ငါးဖျက်၊ မပျက်စေပါ။
ကာကွယ်ပေးလတ်၊ စောင့်တတ်သည်သာ။
အာရက္ခမည်ရ သမ္ပဒါ။

.သဒ္ဓါ သီလ၊ စာဂ ပညာ။
ပြည့်ဝလေးထွေ၊ ပေါင်းလေမိတ္တာ။
ပေါင်း၍အတု၊ ပြုမူကိုယ်သာ။
ကလျာဏ မိတ္တသမ္ပဒါ။

.စားဝတ်နေရ၊ ကုန်ကျများစွာ။
အရ အကုန်၊ ခြုံ၍တွက်ကာ။
နေ့စဉ်မပြတ်၊ အမြတ်ကျန်ပါ။
သမဇီဝိတ မည်ရ သမ္ပဒါ။

No comments:

Post a Comment