လောကဇာတ်ခုံ ဤလူ့ဘုံ မျိုးစုံ့ကကြသည်။
ငါလျှင်သူဌေး ငါပဂေး ငါသွေးတက်ကြွမာန်မူသည်။
မိုးအောက်တလွှား ရွှေကိုယ်လား ထင်မှာနေကြသည်။
တဏှာဘီလူး အမှောင်ပူး လွန်ကျူး ၍သာချိန်ကုန်သည်။
ဇာတ်ပွဲပြီက ပြည်ဖုန်းချ သုဘရာဇာလက်တွင်းဆင်ရသည်။
ပုပ်သိုးခန္ဓာ မြုပ်ရရှာ ဘယ်မှာသူငါရှာမရပြီ။
No comments:
Post a Comment